THANT IT SOLUTION Co.,Ltd

ထုတ်ပြန်သည့်ရက်: —

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က MSME များ ထုတ်လုပ်မှုလုပ်ငန်းစဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သောကုန်ကြမ်းများကို စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော မြေနေရာရရှိရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေး၊ မွေးမြူရေးလုပ်ငန်းများအတွက် မျိုးကောင်းမျိုးသန့်များရရှိရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ထို့ပြင် စိုက်နည်းစနစ်များ မှန်ကန်မှသာအထွက်နှုန်း တိုးတက်မည်ဖြစ်၍ နည်းပညာများကိုလည်း မျှဝေဖြန့်ဝေပေးလျက်ရှိကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများအား ပြည်ပမှ တင်သွင်းရမှုကို လျှော့ချနိုင်ရန်အတွက် သုတေသနပြုလုပ်ခြင်း၊ စမ်းသပ်ထုတ်လုပ်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ရရှိလာသည့် နည်းပညာများကို ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ယခုပြပွဲတွင် ခင်းကျင်းပြသထားသည့် လယ်ယာသုံးစက်ပစ္စည်းကိရိယာများ၏ အားနည်းချက်၊ အားသာချက်များကို ဖော်ထုတ်ပြီးဖြစ်၍ အားနည်းချက်များကို ပြုပြင်ဖြည့်ဆည်းဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။